International News

တရုတ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်စေရန် ချေးငွေပိုမိုပံ့ပိုးပေးမည်ဟု ကတိပြုထား

Last Updated:

တရုတ်အစိုးရအာဏာပိုင်များသည် အဓိကစီးပွားရေးလုပ်ငန်းများနှင့် နယ်ပယ်များအတွက် ငွေကြေးပံ့ပိုးမှုကို အကြွေးထုတ်ပေးခြင်းနှင့် ထုတ်ပေးမှု တိုးမြှင့်ခြင်းပြုရန် ကတိပြုထားကြောင်း အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနှင့် နည်း ပညာဆန်းသစ်တီထွင်မှု၊ စွမ်းအင်ထောက်ပံ့မှု၊ ရေထိန်းသိမ်းမှုနှင့် အခြေခံအဆောက်အအုံများ စသည်တို့အတွက် ခိုင်မာသည့် ဘဏ္ဍာရေး အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ် PBOC ၊တရုတ်ဘဏ်လုပ်ငန်းနှင့်  အာမခံစည်းမျဉ်းကော်မရှင်တို့မှ ပူးတွဲ ကျင်းပသည့် အစည်းအဝေးအရ သိရှိရပါသည်။  

ပြည်တွင်းပြည်ပတွင် မမျှော်လင့်ထားသော အကြောင်းရင်းများကြောင့် စီးပွားရေးအပေါ် အောက်ဆင်းဖိအားများ ဆက်လက်တိုးလာခြင်းကြောင့် ဘဏ္ဍာရေးစနစ်အား မူဝါဒဆိုင်ရာကိရိယာများနှင့် အပြည့်အဝကိုင်စွဲရန်နှင့် ချေးငွေကိုတိုးချဲ့ခြင်းဖြင့် အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို ပံ့ပိုးပေးရန် အစည်းအဝေးမှ တောင်းဆိုထားပါသည်။

အိမ်ခြံမြေချေးငွေ၏ တည်ငြိမ်သောတိုးတက်မှုကို မြှင့်တင်ရန် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ တစ်ဦးချင်းစီးပွားရေး လုပ်ငန်းများနှင့် ထရပ်ကားမောင်းသူများထံသို့ ချေးငွေများပြန်ဆပ်ခြင်းကို ရွှေ့ဆိုင်းခြင်းနှင့် ကပ်ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသော အိမ်ရာနှင့် အခြားချေးငွေများ အတွက်ပေးချေမှု အတွက် ပြန်ဆပ်ခြင်းကို ရွှေ့ဆိုင်းခြင်းကို ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း  အစည်းအဝေးအရ သိရှိရပါသည်။

လုပ်ငန်းငယ်များအတွက် သီးသန့်ချေးငွေခွဲတမ်းနှစ်ဆချေးပေးရန်  ပြည်တွင်း ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ချေးငွေပိုမိုထုတ်ပေးရန် လမ်း ညွှန်ချက်ထုတ်ပြန်ရန်နှင့် ခရက်ဒစ် ပံ့ပိုးကူညီမှုမြှင့်တင်ရန် မူဝါဒအသစ်များချမှတ်ရန် တရုတ်ပြည်သူ့ဘဏ်မှ တောင်းဆိုထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် China pledges greater credit support to stabilize economy

 

Category: International News